မျိုးစေ့/ကြဲသော/လယ်သမား ပုံဥပမာ
4
တစ်ဖန် ယေရှု/သည် အိုင်/နံဘေး/၌ ဟောပြော/သွန်သင်တော်မူ၏။ အလွန်/များပြားလှသော/လူအုပ်ကြီး/သည် ကိုယ်တော့်/အနားသို့ စုဝေးလာကြ/သဖြင့် ယေရှု/သည် လှေ/ပေါ်သို့/တက်/၍ ထိုင်တော်မူ၏။ လူအုပ်ကြီး/သည်လည်း ကမ်းခြေ/တွင် ရပ်နေကြ၏။ 2 ကိုယ်တော်/သည် ထို/သူတို့/အား အကြောင်းအရာ/များစွာ/ကို ပုံဥပမာများ/ဖြင့် သွန်သင်တော်မူ၏။ ထိုသို့ သွန်သင်ရာ/တွင် ကိုယ်တော်/က 3 “နားထောင်ကြလော့။ လယ်သမား/တစ်ဦး/သည် မျိုးစေ့/ကြဲ/ရန် ထွက်သွား၏။ 4 မျိုးစေ့/ကြဲရာ/တွင် အချို့/အစေ့တို့/မှာ လမ်း/ပေါ်တွင်/ကျ/သဖြင့် ငှက်တို့/သည် လာ/၍ ကောက်စားကြ၏။ 5 တချို့/မှာ မြေ/နည်း/၍ ကျောက်ပေါသော/နေရာ/တွင် ကျ/ပြီး မြေ/တိမ်/သောကြောင့် ချက်ချင်း/အပင်ပေါက်လာ၏။ 6 သို့သော် နေ/ထွက်/သောအခါ အပူဒဏ်ခံရ/ပြီး အမြစ်/လည်း/မစွဲ/သောကြောင့် ညှိုးနွမ်းသွားကြ၏။ 7 တချို့/မှာ ဆူးပင်/ကြား/တွင် ကျ/ပြီး ဆူးပင်တို့/သည် ကြီးထွား/၍ ထို/အပင်ငယ်တို့/ကို ပိတ်ဆို့ထားကြ/သဖြင့် အသီး/မသီးနိုင်ကြ။ 8 တချို့/မှာ ကောင်းသော/မြေ/၌ ကျ/သဖြင့် အဆ/သုံးဆယ်၊ အဆ/ခြောက်ဆယ်၊ အဆ/တစ်ရာ တိုးပွား/၍ အသီး/သီးကြ၏” ဟူ၍ ဖြစ်၏။ 9 ထို့နောက် ကိုယ်တော်/က “နား/ရှိသောသူ/သည် ကြား/၍ နားလည်ပါစေ” ဟု မိန့်တော်မူ၏။10 လူထုပရိသတ်/ရှင်းချိန်/၌ တပည့်တော်/ဆယ့်နှစ်ပါး/နှင့်တကွ ကိုယ်တော့်/အနား/တွင် ဝန်းရံကြသော/သူတို့/က ပုံဥပမာများ/၏ အဓိပ္ပာယ်/ကို မေးလျှောက်ကြ၏။
11 ကိုယ်တော်/က “သင်တို့/သည် ဘုရားသခင်/၏/နိုင်ငံတော်/နှင့်/ဆိုင်သည့် လျှို့ဝှက်/နက်နဲသော/အကြောင်းအရာများ/ကို သိခွင့်/ရကြ၏။ သို့သော်လည်း အပြင်လူများ/အတွက်/မှာမူ ပုံဥပမာ/ဖြင့် ပြောပြရ၏။ 12 အဘယ်ကြောင့်ဆိုသော်
‘သူတို့/သည် ငါ/လုပ်ဆောင်သည့်/အရာ/ကို ကြည့်/လျက်နှင့်ပင်
သဘောမပေါက်နိုင်ကြ။
ငါ/ပြောသည့်/စကား/ကို နားထောင်/လျက်နှင့်ပင်
နားမလည်။
အကယ်၍ သူတို့/သည် သဘောပေါက်/၍ နားလည်/ပါက ငါ့/ထံသို့ ပြောင်းလဲ/၍
ခွင့်လွှတ်တော်မူခြင်း/ကို ခံရကြ/လိမ့်မည်’ ”a
ဟု မိန့်တော်မူ၏။
13 ထို့နောက် ယေရှု/က “သင်တို့/သည် ဤ/ပုံဥပမာ/ကိုပင် နားမလည်/လျှင် အခြား/ပုံဥပမာများ/ကို မည်သို့/နားလည်ကြမည်နည်း။ 14 မျိုးစေ့/ကြဲသူ/သည် ဘုရားသခင်/၏/တရားစကား/ကို ကြဲ၏။ 15 လူ/တချို့/သည် လမ်း/ပေါ်တွင် ကျသော/မျိုးစေ့/နှင့် တူ၏။ တရားစကား/ကို သူတို့/ကြားသည်/နှင့် စာတန်/သည် ချက်ချင်း/လာ/၍ သူတို့/၏/စိတ်နှလုံး/၌ ကြဲထားသော ထို/တရားစကား/ကို နုတ်ယူသွား၏။ 16 အခြားသော/သူတို့/သည် ကျောက်ပေါသော/မြေ/တွင် ကျသော/မျိုးစေ့/နှင့် တူ၏။ ထို/သူတို့/သည် တရားစကား/ကို ကြား/၍ ဝမ်းမြောက်/စွာ ချက်ချင်း/ခံယူ၏။ 17 သို့သော်လည်း ထို/တရားစကား/မှာ သူတို့/၏ စိတ်နှလုံး/တွင် အမြစ်/မစွဲ/သောကြောင့် ခဏ/သာ/ခံ၏။ ထို/တရားစကား/ကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း ကြုံတွေ့ရ/သောအခါ ချက်ချင်း/ပင် ဖောက်ပြန်တတ်၏။ 18 ကျန်/တချို့/သည် ဆူးပင်/ကြား/တွင် ကျသော/မျိုးစေ့/နှင့်တူ၏။ ထို/သူတို့/သည် တရားစကား/ကို ကြား/သော်လည်း 19 လောကီရေးရာ/ကို/စိုးရိမ်ခြင်း၊ စည်းစိမ်/၏/ဖြားယောင်းခြင်း/နှင့် အခြား/တပ်မက်ခြင်းတို့/က ထို/တရားစကား/ကို ပိတ်ဆို့ထား/သဖြင့် အသီး/မသီးနိုင်ကြ။ 20 အခြား/သူတို့/မှာမူ ကောင်းသော/မြေ/၌ ကျသည့်/မျိုးစေ့/နှင့်တူ၏။ ထို/သူတို့/သည် တရားစကား/ကို ကြား/၍ ခံယူ/သဖြင့် အဆ/သုံးဆယ်၊ အဆ/ခြောက်ဆယ်/နှင့် အဆ/တစ်ရာ တိုးပွား/၍ အသီး/သီးကြ၏” ဟု မိန့်တော်မူ၏။
မီးခွက်/ပုံဥပမာ
21 ထို့နောက် ယေရှု/က “တစ်စုံတစ်ဦး/သည် ဆီမီးခွက်/ကို ထွန်း/၍ တောင်း/အောက်၊ သို့မဟုတ် ခုတင်/အောက်/၌ ထားလေ့/ရှိသလော။ ဆီမီးတိုင်/ပေါ်တွင်/သာ တင်ထားလေ့ရှိသည်/မဟုတ်လော။ 22 ဖုံးကွယ်ထား/သမျှ/သည် ဖော်ထုတ်/ခံရ/လိမ့်မည်။ လျှို့ဝှက်ထား/သမျှတို့/သည် ပေါ်လာ/လိမ့်မည်။ 23 နား/ရှိသောသူ/သည် ကြား/၍ နားလည်ပါစေ” ဟု မိန့်တော်မူ၏။ 24 ထို့နောက် ယေရှု/က “သင်တို့ ကြားနာရသည့်/အရာ/ကို အာရုံစိုက်ကြလော့။ သူတစ်ပါး/ကို ပေးသော/စံနှုန်း/နှင့်အညီ သင်တို့/သည်လည်း ပြန်ရ/လိမ့်မည်။ ထို/ထက်မက သင်တို့/လက်ခံရရှိ/လိမ့်မည်။ 25 ရှိသော/သူတို့/ကို များစွာ/ထပ်/၍ ပေးတော်မူ/လိမ့်မည်။ မရှိသော/သူတို့/ထံမှ/မူ သူတို့/၌/ရှိသော/အရာ/ကိုပင် သိမ်းယူတော်မူ/လိမ့်မည်” ဟု မိန့်တော်မူ၏။
ကြီးထွားလာသော/မျိုးစေ့ ပုံဥပမာ
26 ထို့နောက် ယေရှု/က “ဘုရားသခင်/နိုင်ငံတော်/၏ သဘောသဘာဝ/သည် ဤ/အဖြစ်အပျက်/နှင့် တူ၏။ လယ်သမား/တစ်ဦး/သည် လယ်/၌ မျိုးစေ့/ကို ကြဲ၏။ 27 သူ/သည် မျိုးစေ့ကြဲ/ပြီးနောက် နေ့/နှင့်/ည/အလျောက် အိပ်/လျက်၊ ထ/လျက်/နေစဉ် မျိုးစေ့/သည် အပင်ပေါက်/၍ ကြီးထွားလေ၏။ သို့သော် မည်သို့/ပေါက်/၍ ကြီးထွားသည်/ကို သူ/မသိ။ 28 မြေ/သည် အလိုအလျောက် အသီး/သီးစေ၏။ ဦးစွာ အညှောက်၊ ထို့နောက် အနှံ၊ တစ်ဖန် ထို/အနှံ/ထဲမှ အောင်သော/အဆန်/ကို ဖြစ်စေ၏။ 29 အသီးမှည့်/၍ ရိတ်သိမ်းချိန်/ရောက်/သောအခါ လယ်သမား/သည် ချက်ချင်း/သွား/၍ တံစဉ်/ဖြင့် ရိတ်သိမ်းတတ်၏” ဟု မိန့်တော်မူ၏။
မုန်ညင်းစေ့ ပုံဥပမာ
30 တစ်ဖန် ယေရှု/က “ဘုရားသခင်/၏/နိုင်ငံတော်/ကို မည်သို့/ဖော်ပြရမည်နည်း။ မည်သည့် ပုံဥပမာ/ကို သုံး/၍ ဖော်ပြရမည်နည်း။ 31 ကောင်းကင်/နိုင်ငံတော်/သည် မြေ/တွင် စိုက်ထားသော/မုန်ညင်းစေ့/နှင့် တူ၏။ မုန်ညင်းစေ့/သည် မျိုးစေ့များ/အနက် အသေးငယ်ဆုံး/ဖြစ်၏။ 32 သို့သော် ကြီးထွားလာ/သောအခါ အခြား/ဟင်းသီးဟင်းရွက်ပင်တို့/ထက် ကြီး/၍ ကြီးမားသော/အကိုင်းအခက်များ/လည်း ထွက်လာ၏။ ငှက်များ/ပင် ထို/အပင်/၏/အရိပ်/၌ နား/၍ အသိုက်/ဆောက်ကြ၏” ဟု မိန့်တော်မူ၏။
33 ယေရှု/သည် ထိုသို့သော/ပုံဥပမာများ/ဖြင့် တရားတော်/ကို ထို/သူတို့/နားလည်/နိုင်/သမျှ ဟောပြောတော်မူ၏။ 34 ပုံဥပမာများ/မသုံးဘဲ လူထု/ပရိသတ်တို့/အား ဟောတော်မမူပေ။ သို့သော်လည်း တပည့်တော်များ/နှင့် သီးခြားရှိချိန်/တွင် ထို/ပုံဥပမာများ/၏ အနက်အဓိပ္ပာယ်/ကို သူတို့/အား ရှင်းပြတော်မူ၏။
လေမုန်တိုင်း/ကို ငြိမ်သက်စေတော်မူခြင်း
35 ထို/နေ့ ညနေ/ရောက်/သောအခါ ယေရှု/သည် တပည့်တော်တို့/အား “တစ်ဖက်ကမ်း/သို့ ကူးကြစို့” ဟု မိန့်တော်မူ၏။ 36 ထို့ကြောင့် တပည့်တော်တို့/သည် လူထုပရိသတ်/ကို ချန်ရစ်/၍ ကိုယ်တော်/ရှိနေတော်မူသည့် လှေ/ပေါ်သို့ တက်/ကာ ထွက်ခွာကြ၏။ အခြား/လှေများ/လည်း လိုက်ပါကြ၏။ 37 ထိုအခါ လေပြင်းမုန်တိုင်း တိုက်/၍ လှိုင်းပုတ်/သဖြင့် လှေ/သည် ရေ/နှင့်/ပြည့်လုမတတ် ဖြစ်လေ၏။
38 ယေရှု/သည် လှေ/ပဲ့ပိုင်း/တွင် ခေါင်းအုံး/အုံး/လျက် အိပ်စက်နေတော်မူ၏။ တပည့်တော်တို့/သည် ကိုယ်တော်/အား နှိုးပြီး/လျှင် “ဆရာတော်… အကျွန်ုပ်တို့/ရေနစ်/သေရတော့မည်/ကို ဂရုမစိုက်ဘဲ/နေတော်မူသလော” ဟု အော်ဟစ်/၍ လျှောက်ကြ၏။
39 ယေရှု/သည် ထ/လျက် လေ/ကို ဆုံးမတော်မူ/၍ လှိုင်းတံပိုး/အား “တိတ်ဆိတ်/ငြိမ်သက်လော့” ဟု မိန့်တော်မူ၏။ ထိုအခါ လေ/သည် ချက်ချင်း/ငြိမ်/၍ အလွန်/သာယာသွားလေ၏။ 40 ထို့နောက် ယေရှု/က တပည့်တော်တို့/အား “သင်တို့/သည် အဘယ်ကြောင့် ကြောက်လန့်ကြသနည်း။ ယုံကြည်ခြင်း မရှိကြ/သေးသလော” ဟု မေးတော်မူ၏။
41 တပည့်တော်တို့/သည်လည်း အလွန်/အံ့သြ/ထိတ်လန့်/လျက် “ဤ/သူ/သည် မည်သူနည်း။ လေ/နှင့် လှိုင်းတံပိုးတို့/ပင်လျှင် သူ့/ကို နာခံကြသည်” ဟု အချင်းချင်း ပြောဆိုကြ၏။